“Robot Camp Myanmar 2026 နှင့် WRC 2026 စက်ရုပ်ပြိုင်ပွဲမှာ ကျောင်းသား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်”
01 Jun
Robot Camp Myanmar 2026 နှင့် World Robot Contest (WRC 2026) စက်ရုပ်ပြိုင်ပွဲကို မေလ ၃၀ ရက် နှင့် ၃၁ ရက်များမှာ ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲတွင် အသက် ၇ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး ရန်ကုန်မြို့ရှိ အစိုးရကျောင်းများ၊ နိုင်ငံတကာကျောင်းများအပြင် တောင်ကြီး၊ မော်လမြိုင်နှင့် ဘားအံမြို့များ မှလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။ အခုပြိုင်ပွဲကို လူဦးရေ ၂၀၀ ကျော်ပါဝင်ခဲ့ပြီး စက်ရုပ်နည်းပညာ၊ Programming နှင့် Innovation ဆိုင်ရာ စွမ်းရည်များကို ယှဉ်ပြိုင်ပြသခဲ့ကြပါတယ်။ Robo Camp Myanmar နှင့် WRC စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် နှစ်စဉ်မေလကုန်ပိုင်း သို့မဟုတ် ဇွန်လအစပိုင်းမှာ ကျင်းပလေ့ရှိပြီး ယခုနှစ်က တတိယအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါတယ်။ (NVS 004)