“အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနှင့် အနီးတစ်ဝိုက် ရေအကျပ်အတည်း ဆိုးရွားလာ”

31 May

အိန္ဒိယနိုင်ငံ ဒေသအများအပြားတွင် ရက်အတော်ကြာ ပူပြင်းသောအပူလှိုင်းဒဏ်ကို ခံစားနေရပြီး အချို့နေရာ များတွင် အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ခဲ့သည်။ မြို့တော်နယူးဒေလီနှင့် အနီးနားဒေသများတွင် ရေအကျပ်အတည်းသည် ဆက်လက်ဆိုးရွားလာပြီး လူထုနေ့စဉ်ဘဝကို ပြင်းထန်စွာ သက်ရောက်လျက်ရှိသည်။ The New Indian Express သတင်းစာ၏ မေလ ၂၈ ရက် ဖော်ပြချက်အရ နယူးဒေလီ၏ အဓိက ရေအရင်းအမြစ်ဖြစ်သော ယမုံနာမြစ်ရေအမှတ် ဆက်လက်ကျဆင်းနေပြီး Wazirabad မြစ်ဆည်ရှိ ရေအမှတ်သည် ပုံမှန်ထက် များစွာနိမ့်ကျနေကြောင်း၊ မြို့တော်အနီးနားတွင်ရှိသော ဟာယာနာပြည်နယ်ကို အရေးပေါ်ရေထောက်ပံ့ မှုများ ပေးအပ်ထားသော်လည်း ရေပေးဝေရေးလမ်းကြောင်းများ အကန့်အသတ်ရှိသဖြင့် ရေပေးဝေမှုအကျပ်အတည်း ကို ရေတိုအတွင်း ဖြေလျော့နိုင်ရန်ခဲယဉ်းကြောင်း သိရသည်။ ရေအမှတ်မပြည့်သဖြင့် ထိုဒေသရှိ အဓိကရေသန့်စင်စက်ရုံနှစ်ခုသည် ထုတ်လုပ်မှုစွမ်းရည်ထက် လျော့နည်းစွာ လည်ပတ်ရသောကြောင့် ရေပေးဝေမှု သိသိသာသာကျဆင်းပြီး နယူးဒေလီရှိ လူနေရပ်ကွက်အများအပြားနှင့် ဆေးရုံများတွင် ရေပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ရေပြတ်လပ်တာ ၂၅ ရက်နီးပါး ဆက်တိုက်ရှိခဲ့ပြီး အခြေအနေက လုံးဝကို ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်ဟု ထိုဒေသ လွှတ်တော်အမတ် Aaley Mohammad Iqbal က ပြောကြား ခဲ့သည်။ အိန္ဒိယနိုင်ငံအလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသတွင် လာမည့်နှစ်ရက်မှ သုံးရက်အတွင်း အလွန်အမင်း ပူပြင်းမှုကို ခံစားရဖွယ်ရှိမည်ဟု အိန္ဒိယနိုင်ငံမိုးလေဝသဌာန၏ မေလ ၂၇ ရက် ကြိုတင်သတိပေးချက်အရ သိရသည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ က ထိုနေ့တွင်ပင် ဆိုရှယ်မီဒီယာ၌ ပို့စ်ရေးသားကာ လူထုအား အပူဒဏ်ကာကွယ်ရေး အစီအမံများလုပ်ဆောင်ရန် သတိပေးခဲ့ပြီး အပူချိန်မြင့်မားသည့် ပတ်ဝန်းကျင်တွင် တိုက်ရိုက်ထိတွေ့ လုပ်ကိုင်နေ ရသောလူများအား အကူအညီပေးရန် တိုက်တွန်းခဲ့သည်။ (Repost from Xinhua Myanmar)

31 May

ADVERTISE HERE .