“အယ်ဗာရက် ကို ပြောင်းရွှေ့ကြေးအပြင် ကစားသမားအလိုက်ပေးပြီး ကမ်းလှမ်းရန် ပီအက်စ်ဂျီအသင်းကြိုးပမ်း”
31 May
ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အက်သလက်တီကိုအသင်း တိုက်စစ်ကစားသမား အယ်ဗာရက် ကို ဘာစီလိုနာအသင်းနှင့်အပြိုင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ အပြင် ကစားသမားအလိုက်ပေးပြီး ကမ်းလှမ်းရန်ကြိုးပမ်းနေကြောင်း သိရပါတယ်။ အယ်ဗာရက် ဟာ ၂၀၂၄ ခုနှစ်က မန်စီးတီးအသင်းမှ အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားသူဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းက အယ်ဗာရက် အား လက်မလွှတ်လိုသော်လည်း အယ်ဗာရက် ကိုယ်တိုင်က အသင်းမှ ထွက်ခွာလိုနေတဲ့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ မှ သန်း ၁၅၀ ဖြင့် ကမ်းလှမ်းမှသာ လက်ခံမည် ဖြစ်ကြောင်း အတည်ပြုကြေညာထားပါတယ်။ ပီအက်စ်ဂျီအသင်းက တိုက်စစ်ကစားသမား အယ်ဗာရက် အား ဘာစီလိုနာအသင်းထက် အသာစီးရရှိပြီး ခေါ်ယူနိုင်ရန် မြင့်မားတဲ့ပြောင်းရွှေ့ကြေးအပြင် ကစားသမားတစ်ဦးကို အလိုက်ပေး၍ အသင်း၌လုပ်ခလစာ အမြင့်ဆုံးကစားသမားဖြစ်သည့် ဒမ်ဘီလီ နည်းတူ အယ်ဗာရက် ကိုလည်း တစ်နှစ်လုပ်ခ ယူရို ၂၂ သန်းပေးချေပြီး ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)