“လီဗာပူးအသင်းက နည်းပြ စလော့ကို ရာထူးမှထုတ်ပယ်”
31 May
လီဗာပူးအသင်းက ယခုနှစ်ဘောလုံးရာသီတွင် ဆုဖလားလက်မဲ့ဖြင့် ကြုံတွေ့ခဲ့ရပြီးနောက် အသင်းနည်းပြ စလော့ ကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း Sports Illustrated သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လီဗာပူးအသင်းအနေနဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက နည်းပြ စလော့ ကို စတင်ခန့်အပ်ခဲ့ရာ အသင်း အနေဖြင့် အဆိုပါနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာကြောင့် ယခုနှစ်ဘောလုံးရာသီတွင် ကစား သမားသစ်များ ဝယ်ယူရာ၌ ပြောင်းရွှေ့ကြေးအမြောက်အမြား အသုံးပြုခဲ့သော်လည်း ဘောလုံးရာသီကုန်ဆုံးချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၅)ဖြင့်သာ ရပ်တည်နိုင်ခဲ့ပြီး ဆုဖလားလက်မဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် လီဗာပူးအသင်းက နည်းပြ စလော့ ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ဘုန်းမောက်အသင်းမှ ထွက်ခွာ ခဲ့သည့် နည်းပြ အီရာအိုလာ ကို နည်းပြသစ်ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)
31 May