“ချဲလ်ဆီးအသင်းက အန်ဇိုဖာနန်ဒက် အတွက်ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း ၁၂၀ ရရှိမှသာ ရောင်းချမည်”

31 May

ချဲလ်ဆီးအသင်းက ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်ကြိုးပမ်းနေသည့် ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက် အတွက်ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း ၁၂ဝ ရရှိမှသာ ရောင်းချမယ်လို့ ထုတ်ပြန်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးချိန်တွင် ချဲလ်ဆီးအသင်းက အမှတ်ပေးဇယားအဆင့် (၁၀)နေရာဖြင့်သာ အဆုံးသတ်ခဲ့ပြီးနောက် ဥရောပပြိုင်ပွဲများနှင့် လွဲချော်ခဲ့သဖြင့် အန်ဖိုဖာနန်ဒက် က အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေကာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားနေတာကြောင့် အသင်းတာဝန်ရှိသူ များက ကစားသမားရဲ့ပြောင်းရွှေ့ကြေးကို စတာလင်ပေါင်သန်း ၁၂ဝ ထိ သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနှင့် အန်ဇိုဖာနန်ဒက် တို့ စာချုပ်သက်တမ်းမှာ ၂၀၃၂ ခုနှစ်ထိ ကျန်ရှိနေသေးသော်လည်း ကစားသမားကိုယ်တိုင်က အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားတာကြောင့် အသင်းက မြင့်မားတဲ့ပြောင်းရွှေ့ကြေးကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

31 May

ADVERTISE HERE .