“ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကလပ်အသင်းအဖြစ် ရီးရဲလ်မက်ဒရစ်အသင်း ထိပ်ဆုံး၌ရပ်တည်”

31 May

ကမ္ဘာ့ထိပ်တန်း စီးပွားရေးမဂ္ဂဇင်းဖြစ်သည့် Forbes ၏ စစ်တမ်းကောက်ဖော်ပြချက်အရ ဘောလုံးလောက တွင် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကလပ်အသင်းအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းက ထိပ်ဆုံး၌ရပ်တည်နေကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီနှင့် ယခုနှစ်ဘောလုံးရာသီတို့တွင် ဆုဖလားလက်မဲ့ ရာသီနှင့် ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိအသင်းရဲ့ ဈေးကွက်တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ ထိရှိနေပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကလပ်အသင်းအဖြစ် ရပ်တည်နေခြင်းဖြစ်ပါတယ်။ လက်ရှိ ဘောလုံးလောကတွင် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကလပ်အသင်းစာရင်း၌ ရီးရဲလ်မက်ဒရစ်အသင်း နောက်တွင် ဘာစီလိုနာအသင်းက အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ၊ မန်ယူအသင်းက အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ၊ လီဗာပူးအသင်းက အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ၊ ပီအက်စ်ဂျီအသင်းက အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ၊ ဘိုင်ယန်မြူးနစ်အသင်းက အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ၊ မန်စီးတီးအသင်းက အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ၊ အာဆင်နယ်အသင်းက အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ၊ ချဲလ်ဆီးအသင်းက အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ၊ စပါးအသင်းက အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် အစဉ်လိုက်ရပ်တည်နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကလပ်အသင်းခြောက်သင်းထိ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။(NVS 008)

31 May

ADVERTISE HERE .