“မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာထိ ရထားပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး”

31 May

မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာထိ RBE ရထားဖြင့် လိုက်ပါစီးနင်း၍ ရထားပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရထားလမ်းပိုင်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် က တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မေလ ၃၀ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရပါတယ်။ ခရီးစဉ်တစ်လျှောက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများကို ပြည်သူများသွားလာမှု အဆင်ပြေ ချောမွေ့စေရေး၊ စိတ်ချမ်းမြေ့စေရေး၊ လမ်းကြောင်းတစ်လျှောက်နှင့် ရပ်တန့်စဉ် ဘူတာယာဒ်ဝန်းတို့တွင် ပေါင်းမြက်၊ အပင်များနှင့် ချုံနွယ်ပင်များ ပေါက်ရောက်မှုမရှိစေရေး၊ ခွင့်ပြုချက်မရှိဘဲ လူနေအဆောက်အအုံများ ဆောက်လုပ်၍ ကျူးကျော်နေထိုင်ခြင်းများ မရှိစေရေး၊ ရထားလမ်းဘေးတွင် အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်း စုပုံခြင်းများ မရှိစေရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် မီးရထားနယ်နိမိတ်အတွင်း သတ်မှတ်အကွာအဝေးများအတိုင်း အရိပ်ရ အပင်များ စိုက်ပျိုးသွားနိုင်ရန်အတွက် သစ်တောဦးစီးဌာနက လိုအပ်သည့်ပျိုးပင်များနှင့် နည်းပညာများကို ပံ့ပိုးဆောင်ရွက်သွားရေးမှာကြားခဲ့ပါတယ်။(NVS 004)

31 May

ADVERTISE HERE .