“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ”

31 May

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ဖြင့် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး H.E.Dr. Subrahmanyam Jaishankar က မေလ ၃၀ ရက် ညနေပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံကြောင်း သိရပါတယ်။ တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ယခုကဲ့သို့ တရားဝင်ခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမည့်အခြေအနေများ၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် ထောက်ခံမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အခြားနှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

31 May

ADVERTISE HERE .