“ရုရှားနှင့် အိန္ဒိယတို့က ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဟုကတိပြု”
31 May
ရုရှားနှင့် အိန္ဒိယနိုင်ငံတို့သည် ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် ကတိပြုကြောင်း ရုရှားနိုင်ငံ ရေကြောင်းဘုတ်အဖွဲ့က မေလ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲများအပြီး ထုတ်ပြန်သည့်ကြေညာချက် တွင် နှစ်နိုင်ငံသည် ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် သဘောတူကြပြီး ရေကြောင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးကြောင်း ဖော်ပြထားသည်။ ရုရှားရေကြောင်းဘုတ်အဖွဲ့ဥက္ကဋ္ဌ နီကိုလိုင်းပတ်ထရုရှက်နှင့် အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေး အာဂျစ် ဒိုဗယ် တို့သည် မေလ ၂၉ ရက်တွင် မော်စကိုမြို့၌ တွေ့ဆုံကြခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း သင်္ဘော တည်ဆောက်ရေးနှင့် သင်္ဘောပြုပြင်ထိန်းသိမ်းရေး ပူးတွဲစီမံကိန်းများ၊ နှစ်နိုင်ငံ သိပ္ပံနှင့်သုတေသနအဖွဲ့အစည်း များကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။