“ဟော်မုရေလက်ကြား ဖြတ်သန်းခွင့်အတွက် အီရန်နှင့်ညှိနှိုင်းခြင်းမပြုရန် အမေရိကန်သတိပေး”

31 May

နိုင်ငံများအနေဖြင့်ဟော်မုရေလက်ကြား ဖြတ်သန်းခွင့်အတွက် အီရန်နှင့်မညှိနှိုင်းရန် အမေရိကန်အစိုးရက မေလ ၂၉ ရက်တွင် သတိပေးလိုက်ကြောင်းသိရသည်။ အဆိုပါရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေး အတွက် အီရန်အစိုးရနှင့် သဘောတူညီမှုများပြုလုပ်ရာတွင် ငွေပေးချေမှုမပါဝင်သည့်တိုင် ယင်းသို့လုပ်ဆောင်ခြင်းကို တားမြစ်ထားကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ အီရန်သည် ပါရှန်းပင်လယ်ကွေ့ အာဏာပိုင်အဖွဲ့အမည်ရှိ အဖွဲ့အစည်းသစ်တစ်ခုကို ဖွဲ့စည်းကာ ဟော်မု ရေလက်ကြားမှဖြတ်သန်းသည့် သင်္ဘောများထံမှ အခကြေးငွေကောက်ခံရန် ကြိုးပမ်းနေကြောင်းနှင့် ယင်းအဖွဲ့ကို အမေရိကန်က အကြမ်းဖက်မှုတိုက်ဖျက်ရေးစည်းမျဉ်းများအရ အရေးယူပိတ်ဆို့ထားကြောင်း သိရသည်။

31 May

ADVERTISE HERE .