“အေစီမီလန်အသင်း နည်းပြရာထူးအတွက် ဆွေးနွေးနေကြောင်း သတင်းထွက်နေတဲ့ ပိုချက်တီနို”
30 May
အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနို ဟာ အေစီမီလန်နည်းပြရာထူးအတွက် ဆွေးနွေး နေကြောင်းသတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပိုချက်တီနို က အမေရိကန်လက်ရွေးစင်အသင်းကို ၂၀၂၄ ခုနှစ်ကနေ စတင်ကိုင်တွယ်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးအထိသာ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းက နည်းပြ အယ်လီဂရီ ကို ရာထူးကနေထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်စာရင်းမှာ ပိုချက်တီနို ပါဝင်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ခန့်အပ်ဖို့အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။(NVS 008)
30 May