“မုံရွာမြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဝါ ၁၇,၈၃၇ ဧကစိုက်ပျိုးမည်”
29 May
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဝါ ၁၇,၈၃၇ ဧက စိုက်သွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ မုံရွာမြို့နယ်တွင် ဝါ ၁၇,၈၃၇ ဧကစိုက်ပျိုးရန်လျာထားပြီး လာမည့်ဇွန်လမှစတင်ကာ စိုက်ပျိုးသွားမှာဖြစ် ပါတယ်။ ဝါစိုက်ပျိုးထုတ်လုပ်ရာမှာ မျိုးကောင်းမျိုးသန့်များရရှိပြီး တောင်သူများ စိုက်ပျိုးရာသီအမီ စိုက်ပျိုးနိုင်ရန် ဝါမျိုးစေ့များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်။ မုံရွာမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝါစိုက်တောင်သူများကို မျိုးကောင်းမျိုးသန့်များ ရရှိစေရေး၊ ဝါသီးနှံ ဖြစ်ထွန်းအောင်မြင်စေရန် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ အထွက်နှုန်းကောင်းမွန်စေရန် စိုက်နည်း စနစ် မှန်ကန်စေရေးတို့ကို နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးကာ ဝါစိုက်တောင်သူများ လိုအပ်သည်များကို ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဝါကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းသုံးစွဲမှု ဖူလုံစေသည့်အပြင် ပိုလျှံမှုကိုရောင်းချ၍ ဝင်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ပါတယ်။(NVS 004)