“ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုးလျှပ်စစ်သုံးယာဉ်များတင်သွင်းရေး အသိပေးကြေညာ”
29 Mayယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုးလျှပ်စစ်သုံးယာဉ်များ တင်သွင်းရေးအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားရှိပြီး သက်တမ်းကြာမြင့်၍ အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များအား ပယ်ဖျက်အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV)များဖြင့် အစားထိုးတင်သွင်းနိုင်ရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မော်တော်ယာဉ်များအား ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ်ကျော်လွန်သည့် ယာဉ်များ၊ ပြင်ဆင်၍ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ခြင်းမရှိသည့် ယာဉ်များနှင့် သက်တမ်း ၂၀ နှစ်မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့်ယာဉ်များကို အပ်နှံနိုင်ကြောင်း ဖော်ပြပါရှိပါတယ်။ မော်တော်ယာဉ်များအား အပ်နှံရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ်ထောက်ခံချက်ပုံစံ(ဃ)ကို တင်ပြရမှာဖြစ်ပြီး အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သည့် EV ယာဉ်တစ်စီးအား အစားထိုးတင်သွင်းခွင့်ပြုသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် EV ယာဉ်တင်သွင်းရာတွင် ကျသင့်သည့် နိုင်ငံခြားငွေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပါရှိပါတယ်။(NVS 004)