“ရန်ကုန်-မန္တလေး-ရန်ကုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများကို ဇွန်လ ၁ ရက်မှစ၍ တိုးချဲ့ ပြေးဆွဲမည်”

29 May

ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး-ရန်ကုန် မီးရထားခရီးစဉ်အဖြစ် အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန်လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစ၍ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ တိုးချဲ့ပြေးဆွဲမည့် အမှတ်(၉)အဆန်/အမှတ်(၁၀)အစုန်ရထားအနေနဲ့ ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ် တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်ဘူတာတို့တွင် ရပ်တန့်ပေးမှာဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်း ခရီးစဉ်အစမှအဆုံး အထက်တန်း ၄၈,၀၀၀ ကျပ်နှင့် ပထမတန်း ၃၄,၀၀၀ ကျပ် သတ်မှတ်ထားရှိပါတယ်။ ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအပြင် လေအေး ပေးစက်ပါ အထက်တန်းလူစီးတွဲ နှစ်တွဲပါရှိသော လေအိတ်ရထားဖြစ်သည့် အမှတ်(၁၁)အဆန်/အမှတ်(၁၂)အစုန် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ် မီးရထားများ ပြေးဆွဲလျက်ရှိပြီး ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အား လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများဖြစ်သော အမှတ်(၇)အဆန်/အမှတ်(၈)အစုန်နှင့် အမှတ်(၃၁) အဆန်/အမှတ်(၃၂)အစုန် မီးရထားများကိုလည်း ပြေးဆွဲပေးလျက်ရှိပါတယ်။ အဆိုပါရထားများ၏ ထိုင်ခုံလက်မှတ်များအား Online Railways Ticketing and Payment (ORTP) စနစ်တွင် အွန်လိုင်းမှကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးဘူတာများအတွက် (၇)ရက်နှင့် ကြားဘူတာ များအတွက် (၅)ရက်ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

29 May

ADVERTISE HERE .