“ပိုလန်သမ္မတက ဇီလန်စကီ အားချီးမြှင့်သည့် အမြင့်ဆုံးအဆင့်ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်နေ”
29 May
ပိုလန်သမ္မတက ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီ အား ချီးမြှင့်ထားသည့် နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်နေကြောင်း မေလ ၂၉ ရက်တွင်ပြောခဲ့သည်။ ယူကရိန်းအစိုးရက ဒုတိယကမ္ဘာစစ်တွင် ပိုလန်နိုင်ငံသားများကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမျိုးသားရေး အင်အားစု၏အမည်ကို တပ်ဖွဲ့တစ်ဖွဲ့၏အမည်အဖြစ် ပြောင်းလဲပြီးနောက် ပိုလန်သမ္မတက ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ ပိုလန်နိုင်ငံသည် ရုရှားနှင့်ယူကရိန်းတို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခကာလတစ်လျှောက်တွင် ယူကရိန်း နိုင်ငံကို အခိုင်အမာထောက်ပံ့ပေးခဲ့သည့် နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ယူကရိန်းသမ္မတကို Order of the White Eagle ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ယခုယူကရိန်းအစိုးရက အထူးတပ်ဖွဲ့တစ်ဖွဲ့၏ အမည်အဖြစ် သတ်မှတ် ပေးလိုက်သော UPA အဖွဲ့သည် ပိုလန်နိုင်ငံသားတစ်သိန်းခန့်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။