“အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှု အရှိန်အဟုန်မြှင့်တင်ရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ သဘောတူ”

29 May

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနို နှင့် မေလ ၂၆ ရက်က တွေ့ဆုံခဲ့ကာ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများ အရှိန်အဟုန်မြှင့်တင်ရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းစေရန်၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အားပေးမြှင့်တင်ရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် မူဝါဒများကို ထိန်းသိမ်းရေး၊ ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာစနစ် ခိုင်မာအားကောင်းရေးနှင့်စပ်လျဉ်းသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေး ပြင်ပ၌ သီးခြားတွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ် က စီးပွားရေး ထွန်းသစ်စနိုင်ငံများနှင့် အင်အားကြီးဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားလှယ်များဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန်၊ ကုလသမဂ္ဂ၏အခွင့်အာဏာနှင့် ဂုဏ်ဒြပ်ကို အတူတကွ ထိန်းသိမ်းရန်၊ ရှုပ်ထွေးပြောင်းလဲမှုများ လွှမ်းခြုံလျက်ရှိသော ကမ္ဘာကြီးအတွက် တည်ငြိမ်မှုများဖြည့်တင်းပေးရန်၊ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုကြီးမားသော အကျိုးဆောင်မှုများလုပ်ဆောင်ရန် လိုအပ်သကဲ့သို့ ယင်းသို့လုပ်ဆောင်ရမည့် တာဝန်လည်းရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရန်ရည်မျှော်လျက် အဆင့်မြင့်အလွှာ ကူးလူး ဆက်ဆံမှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲစီမံကိန်း ခိုင်မာအားကောင်းရေး၊ နိုင်ငံစုံ ပါဝင်သော ညှိနှိုင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းစွာ တိုးတက်မှုကို မြှင့်တင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိသည်ဟု ဝမ် ကပြောသည်။ ဆူဂီယိုနို ကလည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို များစွာအလေးထားကာ အလွှာအသီးသီး၌ ကူးလူးဆက်ဆံမှုများ ပိုမိုအားကောင်းစေရန်၊ နယ်ပယ်စုံတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန်၊ ပင်လယ်ရေကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရရှိထားသော သဘောတူညီချက်များကို အတူတကွ အကောင်အထည်ဖော်ရန် အသင့်ရှိသည်ဟု ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံသည် တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်း၊ စွမ်းအင်နှင့် တွင်းထွက်သယံဇာတ စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ်အဆင့်မြှင့်တင်ခြင်း၊ ဒေသတွင်း တည်ငြိမ် အေးချမ်းမှုနှင့် အားလုံးလက်ခံပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။(Repost from Xinhua Myanmar)

29 May

ADVERTISE HERE .