“လာဇီယိုအသင်းနဲ့ ဒုတိယအကြိမ်မြောက် လမ်းခွဲမယ့် နည်းပြ ဆာရီ”
29 May
အီတလီဝါရင့်နည်းပြ မော်ရီဇီယိုဆာရီ ဟာ လာဇီယိုအသင်းနဲ့ ဒုတိယအကြိမ်မြောက် လမ်းခွဲခဲ့ပါတယ်။ နည်းပြ ဆာရီ ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ကျန်နေသေးပေမယ့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြဟောင်း ဆာရီ ဟာ လာဇီယိုအသင်းမှာ ပထမဆုံးအကြိမ်က ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ လာဇီယိုအသင်းဟာ အခုရာသီစီးရီးအေပြိုင်ပွဲမှာ အဆင့်ကိုးနေရာသာရရှိခဲ့ပြီး ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ ပါတယ်။ ကိုပါအီတာလီယာပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့ပေမယ့် အင်တာမီလန်အသင်းကို အရေးနိမ့်ခဲ့သလို ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အီတလီလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ဂတ်တူဆို က လာဇီယိုအသင်းနည်းပြသစ်အဖြစ် ကိုင်တွယ်ရန် ရေပန်းစားနေပါတယ်။ (NVS 008)
29 May