“ဒဏ်ရာပြဿနာနဲ့ ကစားသမားဘဝက အနားယူခဲ့ရတဲ့ ကက်စပါရှမိုက်ကယ်”

29 May

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်ဝါရင့်ဂိုးသမား ကက်စပါရှမိုက်ကယ် ဟာ ပခုံးဒဏ်ရာကြောင့် ကစားသမားဘဝကနေ အနားယူခဲ့ရပါတယ်။ ဆဲလ်တစ်ဂိုးသမား ကက်စပါ ရှမိုက်ကယ် ဟာ ဘောလုံးကစားနိုင်ရေး လုံလောက်တဲ့ ပြန်လည် ကောင်းမွန် မှုမရှိနိုင်တော့လို့ ဘောလုံးကွင်းတွေကိုကျောခိုင်းဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ဇွန်လကုန်မှာ ဆဲလ်တစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကက်စပါ ဟာ ဖေဖော်ဝါရီလကတည်းက အသင်းအတွက် ကစားနိုင်ခြင်း မရှိတော့ပါဘူး။ ကတ်စပါ ဟာ ခွဲစိတ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးနောက် ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ ကက်စပါ ရဲ့ဖခင်ဖြစ်သူ မန်ယူနိုက်တက်ဂန္ထဝင်ဂိုးသမား ပီတာရှမိုက်ကယ်က သားဖြစ်သူအနေနဲ့ ကစားသမားဘဝက အနားယူဖို့ သင့်တော်တဲ့အချိန်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ (NVS 008)

29 May

ADVERTISE HERE .