“ဥရောပဝင်ခွင့်မရလို့ ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ အန်ဇိုဖာနန်ဒက်ဇ်”
29 May
ချဲလ်ဆီးအသင်းကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ် ဟာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်မရခဲ့လို့ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းက ဖာနန်ဒက်ဇ် ရဲ့ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၂၀ အထိ အလိုရှိနေပါတယ်။ ဖာနန်ဒက်ဇ် ဟာ ၂၀၂၃ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ ချဲလ်ဆီးအသင်းကို ပေါင် ၁၀၇ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး သူ့ရဲ့စာချုပ်ဟာ ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။ ဖာနန်ဒက်ဇ် ဟာ လာမယ့်ရာသီ ချဲလ်ဆီးအသင်းရဲ့အစီအစဉ်ထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အသင်းကစားသမားတွေကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာပါက လက်ခံစဉ်းစားသွားဖို့ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၁၅ ဂိုးသွင်းကာ ခုနစ်ဂိုး ဖန်တီးပေးခဲ့ပြီး ချဲလ်ဆီးတစ်နှစ်တာအကောင်းဆုံးဆုအတွက် ဒုတိယနေရာ ရရှိခဲ့ပါတယ်။ (NVS 008)
29 May