“ယူရိုပါလိဂ်က ပဲလေ့စ်အသင်း ရှိသင့်တဲ့နေရာလို့ ပြောကြားခဲ့တဲ့ နည်းပြ ဂလက်စနာ”

29 May

ကွန်းဖရန့်လိဂ်ချန်ပီယံအဖြစ် ယူရိုပါလိဂ်ဝင်ခွင့်ရရှိပြီးနောက် နည်းပြ ဂလက်စနာ က ယူရိုပါလိဂ်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်း ရှိသင့်တဲ့နေရာလို့ ပြောကြားခဲ့ပါတယ်။ ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း FA ဖလားချန်ပီယံအဖြစ် ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်ကလပ် လိုင်ယွန်အသင်းနဲ့ ပဲလေ့စ်အသင်း ပိုင်ရှင်တူဖြစ်နေလို့ ပြိုင်ပွဲတစ်ခုတည်း မကစားရတဲ့ UEFA စည်းမျဉ်းအရ ပဲလေ့စ်အသင်းဟာ ကွန်းဖရန့်လိဂ်ကို ဆင်းကစားခဲ့ရတာဖြစ်တယ်။ ဂလက်စနာ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားခဲ့ပါတယ်။၂၀၂၄ ဖော်ဖော်ဝါရီလမှာ ပဲလေ့စ်အသင်းကို ရောက်လာတဲ့ ဂလက်စနာ ဟာ FA Cup၊ ကွန်မြူနတီဒိုင်းနဲ့ အခု ကွန်းဖရန့်လိဂ်ဖလားတွေရယူပေးခဲ့ပါတယ်။ (NVS 008)

29 May

ADVERTISE HERE .