“အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူး အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ သတ်မှတ်”
29 May
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ဂျေးဇူး အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၂၀ ဝန်းကျင် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်း အနေနဲ့ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ဂျေးဇူး အတွက် ကမ်းလှမ်းလာမှုတွေ ကို လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။ ဂျေးဇူး ဟာ ၂၀၂၅ ခုနှစ် အစောပိုင်းက ဒူးဒဏ်ရာရခဲ့ပြီးနောက် ဒီဇင်ဘာလအထိ အနားယူခဲ့ရပါတယ်။ ဒဏ်ရာက ပြန်လာပြီးကတည်းက အာဆင်နယ်အသင်းအတွက် ၂၇ ပွဲ ကစားရာမှာ ခြောက်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းမှာ ဂျေးဇူး ဟာ ဂျိုကာရက်စ်၊ ဟာဗက်ဇ် တို့ပြီးနောက် တတိယဦးစားပေးတိုက်စစ်မှူးအဖြစ်သာရှိခဲ့ပြီး အခုရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယား လိဂ် သုံးပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ (NVS 008)
29 May