“ထိန်းသိမ်းခံထားရသောပိုင်ဆိုင်မှုများကို အပြည့်အဝပြန်လွှဲပေးရန် အီရန်တောင်းဆို”
29 May
ပြည်ပရှိထိန်းသိမ်းခံထားရသော အီရန်နိုင်ငံ၏ပိုင်ဆိုင်မှုများကို အကြောင်းပြချက်မရှိနှင့် အပြည့်အဝ ပြန်လည်လွှဲပြောင်းပေးရန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးကတောင်းဆိုထားသည်ဟု Tasnim သတင်းဌာနကဖော် ပြထားသည်။ အမေရိကန်ကထိန်းသိမ်းထားသော အီရန်နိုင်ငံ၏ပိုင်ဆိုင်မှုများကို ပြန်လွှဲပေးရန် တောင်းဆိုကြောင်း နှင့် ထိုသို့တောင်းဆိုခြင်းသည် အီရန်၏တရားဝင်အခွင့်အရေးဖြစ်ကြောင်း အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ လက်ထောက်အတွင်းရေးမှူး အလီဘာဂါရီကာနီကပြောသည်။ အမေရိကန်အစိုးရထိန်းချုပ်ထားသည့် အီရန်နိုင်ငံ ၏ပိုင်ဆိုင်မှုများမှာ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ အထိရှိကြောင်းနှင့်ထိုပိုင်ဆိုင်မှုများကို ပြန်လည်လွှဲပြောင်းပေးရန် အီရန် က စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နှင့်ဆွေးနွေးညှိနှိုင်းစဉ်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။ အမေရိကန်နှင့်အစ္စရေးတို့ပူးပေါင်း၍ အီရန်ကိုတိုက်ခိုက်မှုများလုပ်ဆောင်ပြီး နောက် ဧပြီလ ၈ ရက်တွင် အပစ် အခတ်ရပ်စဲရေး ရရှိခဲ့ခြင်း ဖြစ်သည်။ အပစ်အခတ်ရပ်စဲစဉ် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှုများ လုပ်ဆောင်နေ သော်လည်း ယခုအချိန်အထိ သဘောတူညီချက်ရရှိခြင်း မရှိသေးကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။