“အမေရိကန်နှင့်အီရန်တို့က လေကြောင်းတိုက်ခိုက်မှုများ အပြန်အလှန်လုပ်ဆောင်”

29 May

အမေရိကန်နှင့်အီရန်တို့က ဟော်မုရေလက်ကြားနှင့်ပတ်သက်၍ အလျော့အတင်းရှိသည့် သဘောတူညီ ချက်ကိုရရှိပြီဟူသော သတင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းဆိုပြီး ဟော်မုရေလက်ကြားအနီးရှိ အီရန်၏ဒရုန်းစခန်းတစ်ခုကို လေကြောင်းမှတိုက်ခိုက်ပြီးနောက် အီရန်ကလည်း မေလ၂၈ ရက်တွင် ကူဝိတ်နိုင်ငံရှိ အမေရိကန်လေတပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်မှုလုပ်ကြောင်းသိရသည်။ ထိုသို့အပြန်အလှန် လေကြောင်း တိုက်ခိုက်မှုများသည် အကန့်အသတ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သော်လည်း လက်ရှိဆွေးနွေးနေသည့် ဟော်မု ရေလက်ကြား ပြန်ဖွင့်ရေးနှင့် သုံးလကြာစစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်ဖြစ်ပေါ်လာ စေနိုင်သော အပစ်အခတ်ရပ်စဲရေးကို ထိခိုက်နေပြီ ဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုတွင် အမေရိကန်က အီရန်၏ဒရုန်းငါးစင်းကိုပစ်ချနိုင်ကာ မြေပြင် ထိန်းချုပ်ရေးစခန်း ကိုလည်း တိုက်ခိုက်နိုင်ခဲ့ကြောင်း အမေရိကန်၏အလယ်ပိုင်းဒေသစစ်ဌာနချုပ်ကထုတ်ပြန်ထားသည်။ ထို့နောက် ကူဝိတ်တပ်ဖွဲ့များက နိုင်ငံသို့ ဝင်ရောက်လာသည့် အမြင့်ပျံဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချလိုက်နိုင်သည်ဟု ဆိုသည်။ ကူဝိတ်နိုင်ငံအတွင်းရှိ အမေရိကန်၏စစ်စခန်းအပေါ်တိုက်ခိုက်မှုကို အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ နောင်တွင် အီရန်အပေါ် အလားတူ တိုက်ခိုက်မှုမျိုးလုပ်ပါက ပိုမို တိကျမှုရှိသည့်လက်တုံ့ပြန်မှုဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်ဘက်ကပြောထားသည်ဟု ST သတင်းဌာန ဖော်ပြချက်အရ သိရသည်။

29 May

ADVERTISE HERE .