“အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများမှာ ဧရာဝတီတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူ ၁၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်”
29 May
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူ ၁၃၇ ဦးတို့က ဗဟိုအဆင့် ဝင်ရောက်ယှဥ်ပြိုင်ကြကြောင်းသိရပါတယ်။ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို မေလ ၂၇ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့် ကျောင်းသား၊ကျောင်းသူ ၁၃၇ ဦးတို့က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများတွင် ဝင်ရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)