“တီးတိန်မြို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဆက်လက်ပို့ဆောင်”

29 May

ချင်းပြည်နယ်၊ တီးတိန်မြို့ကို တပ်မတော်ကအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ထောက်ပံ့ပစ္စည်းများကို မန္တလေးမှတစ်ဆင့် ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ယင်းမှတစ်ဆင့် တီးတိန်မြို့သို့ မော်တော်ယာဥ်များနဲ့ ဆက်လက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေ၊ သွပ်၊ သံများနှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်များ တီးတိန်မြို့သို့ ရောက်ရှိချိန်မှာ ကုန်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါကုန်ပစ္စည်းများကို ဒေသခံများလက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကာ တွန်းဇံမြို့သို့လည်း ကုန်ပစ္စည်းများကို ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

29 May

ADVERTISE HERE .