“အမြင်မတင့်တယ်သည့် ဖိုက်ဘာကြိုးများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရှင်းလင်းရန်ဆွေးနွေး”

29 May

မန္တလေးတိုင်းဒေသကြီးမှာ အမြင်မတင့်တယ်တဲ့ ဖိုက်ဘာကြိုးများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရှင်းလင်းဆောင်ရွက်ရန် ရည်ရွယ်၍ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖိုရမ်ဖွင့်ပွဲကို မေလ ၂၈ ရက်က ကျင်းပခဲ့ပါတယ်။ အဆိုပါဖိုရမ်မှာ မိုဘိုင်းအော်ပရေတာ၊ တာဝါကုမ္ပဏီများ၊ ဖိုက်ဘာကုမ္ပဏီများ၊ ISP ကုမ္ပဏီများမှ တာဝန်ရှိ သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အခုဖိုရမ်ကို မန္တလေးတိုင်းဒေသကြီး အတွင်း ဆက်သွယ်ရေးကွန်ရက်လိုင်းများ ကောင်းမွန်မှုရှိစေရန်၊အမြင်မတင့်တယ်သည့် ဖိုက်ဘာကြိုးများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရှင်းလင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ ဖိုရမ်ကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်နှင့် အတွင်းရေးမှူး ဦးကျော်စွာထွန်း၊ ဆက်သွယ်ရေးဦးစီးဌာန တိုင်းဒေသကြီးရုံးခွဲတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

29 May

ADVERTISE HERE .