“မြန်မာ-ဆားဘီးယားနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအဖွဲ့ ဖွဲ့စည်းရန်ဆွေးနွေး”
29 May
ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးသန်းထွေးနှင့် ဆားဘီးယား အမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. Miroslav Petrasinovic တို့ မေလ ၂၅ ရက်ကတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဥ် နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊ လွှတ်တော် နှစ်ရပ်ကြား ချစ်ကြည်ရေးအဖွဲ့ဖွဲ့စည်းရေး၊ လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များကြား တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံပြည်သူများနှင့် အဖွဲ့အစည်းများကြား ပိုမိုနက်ရှိုင်းသောဆက်ဆံရေးတည်ဆောက်နိုင်ရေး၊ ရွေးကောက်ခံ မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များအပါအဝင် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးဖြစ်ပေါ် တိုးတက်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)
29 May