“မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်”

29 May

၈ လကျော်ကြာ ပိတ်ထားတဲ့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို မေလ ၂၈ ရက် နံနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ မေလ ၂၈ ရက်နံနက် ၇ နာရီဝန်းကျင်က အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ကာ တံတားကို ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အရှေ့အနောက် စီးပွားရေးစင်္ကြန်လမ်း နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကုန်သွယ်တံတားဖြစ်တဲ့ မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကို ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၈ ရက်က ကုန်သွယ်ယာဉ်များသွားလာခြင်း ကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ အမှတ် (၂) တံတားမှ ကုန်တင်ယာဉ်သွားလာခြင်း ရပ်ဆိုင်းလိုက်ပြီနောက် တရားဝင်နယ်စပ် ကုန်သွယ်ရေးရပ်ဆိုင်းခဲ့ပြီး တံတားပြန်ဖွင့်ပါက ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

29 May

ADVERTISE HERE .