“မန်စီးတီးအသင်းကနေ လက်ထောက်နည်းပြ ပက်လင်ဒါစ် နဲ့ ကိုလိုတိုရေး ထွက်ခွာမည်”
28 Mayဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြများဖြစ်တဲ့ ပက်လင်ဒါစ်နဲ့ ကိုလိုတိုရေး တို့လည်း မန်စီးတီးအသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရပါတယ်။ ပက်လင်ဒါစ် က လီဗာပူးလ်အသင်းမှာ ယာဂန်ကလော့ပ် ရဲ့ လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက် ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၅ နွေရာသီမှာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ နောက်ခံ လူဟောင်းဖြစ်တဲ့ ကိုလိုတိုရေး ကတော့ အရန်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရာသီမှာ ဂွါဒီယိုလာ က မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ၎င်းတို့အပြင် ဂွါဒီယိုလာ နဲ့ ဘာစီလိုနာအသင်းမှာကတည်းက လက်တွဲခဲ့တဲ့ ကြံ့ခိုင်ရေးနည်းပြ ဘူနာဗန် ကျူရာ နဲ့ ဂိုးနည်းပြ မန်စီဆီဒေါ တို့လည်း မန်စီးတီးအသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း သိရပါတယ်။(NVS 008)
28 May