“သံမဏိစက်ရုံ(ပင်းပက်)ရှိ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရေးဆောင်ရွက်”

28 May

ရှမ်းပြည်နယ်(တောင်ပိုင်း) အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ရှိ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ(Heat Recovery Power Station-HRPS)လည်ပတ်နိုင်ရေးအတွက် ရုရှားနိုင်ငံမှ ကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။ အဆိုပါစက်ရုံတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ TPE Co., Ltd. တို့ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ HRPS ပြီးစီးပါက Romelt Furnace ၏ Waste Heat Boiler မှ ထွက်ရှိလာတဲ့ စွန့်ပစ်အပူကို အသုံးပြုကာ လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး သံမဏိစက်ရုံ၏ သံရည်ကျိုလုပ်ငန်း အတွက် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားနဲ့ လည်ပတ်စေမည့်အပြင် ပိုလျှံလျှပ်စစ်ဓာတ်အားများကို National Grid သို့ ပို့လွှတ်ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

28 May

ADVERTISE HERE .