“သဘာဝအန္တရာယ်ကျရောက်စဉ် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ပြင်ဆင်”
28 May
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ အခုလိုပြင်ဆင်ထားမှုများကို ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဆောင်းထားရှိမှု၊ ဘေးအန္တရာယ်ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်ကြန့်ကြာမှုမရှိစေဘဲ စနစ်တကျထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ပစ္စည်းကိရိယာများကို အမြဲအသင့်အနေအထား ဖြစ်နေ စေရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါတယ်။(NVS 004)