“ဖလမ်းမြို့မှ နေရပ်ပြန်များကို ထောက်ပံ့ပစ္စည်းများပေးအပ်”
28 May
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ် သိမ်းပိုက်ပြီးဖြစ်နောက် စစ်ဘေးရှောင် ဒေသခံများအနေနဲ့ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ထိုသို့ပြန်လည်ဝင်ရောက်လာသော ဒေသခံများကို မေလ ၂၇ ရက်မှာ ပြန်လည်ထူထောင်ရေး ပစ္စည်းများ ဖြစ်တဲ့ မြို့ပြန်လည်ထူထောင်ရေးအတွက် သွပ် ၂,၇၉၀ ချပ်၊ ဘိလပ်မြေ ၁၂၀ အိတ်၊ သွပ်ရိုက်သံ ၆ ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် နေရပ်ပြန်အိမ်ထောင်စု ၇၃ စုအတွက် ကယ်ဆယ်ရေးပစ္စည်း များနှင့် လူဦးရေ ၁၂၁ ဦးအတွက် ထောက်ပံ့ငွေများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖလမ်းမြို့ပြည်သူ့ဆေးရုံ၏ ပျက်စီးဆုံးရှုံးမှု အခြေအနေ၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုနှင့် ကျောင်းအပ်နှံမှု၊ ဖလမ်းမြို့ပြည်သူ့ဆေးရုံ ယာယီဆေးကုသတဲ့နေရာနှင့် မြို့တွင်းထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။(NVS 004)