“ပင်တဂွန်စစ်ဌာနချုပ်က Starlink အသုံးပြုပြီး အခြားနိုင်ငံများအရေး၌ ဝင်ရောက်စွက်ဖက်နေ”

28 May

အမေရိကန်ရှိ ပင်တဂွန်စစ်ဌာနချုပ်က Starlink ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက် အသုံးပြုပြီး အခြားနိုင်ငံ များ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများလုပ်နေကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး အလီမော့ က မေလ ၂၇ ရက် တွင်ပြောသည်။ ထို့ပြင် Starlink ဂြိုဟ်တုများကို လွှင့်တင်ထားသော SpaceX ကုမ္ပဏီက ဂြိုဟ်တုဆက်သွယ်ရေး အဆင်ပြေ စေရန်ဟူသော အကြောင်းပြချက်ဖြင့် အခြားနိုင်ငံများ၏ ပြည်သူများထံ ဈေးကွက်ချဲ့ထွင်နေကြောင်း၊ ယင်းမှတစ်ဆင့် ထိုဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်သည် အခြားနိုင်ငံများ၌ ဆန့်ကျင်ဆန္ဒပြမှုများဖြစ်စေရန် စီစဉ်ရာတွင် အသုံးချခံ နေရခြင်းဖြစ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အလားတူ အဆိုပါအခြေအနေသည် သတိပေးခေါင်းလောင်းသံတစ်ခု ဖြစ်လာကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ထိုကဲ့သို့သောစနစ်များကို အသုံးပြုမှုအတွက် ပွင့်လင်းမြင်သာမှုရှိသော စည်းကမ်းချက်များ ထုတ်ပြန်နိုင်ရေး လုပ်ဆောင်နေကြောင်းနှင့် ထိုသို့သောဝန်ဆောင်မှုပေးသူများအနေဖြင့် နိုင်ငံ၏ဥပဒေများကို လိုက်နာရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

28 May

ADVERTISE HERE .