“အမေရိကန်၏ရန်စမှုမှ ကာကွယ်ပေးရန် ကျူးဘားနိုင်ငံက ကုလသမဂ္ဂကိုတောင်းဆို”
28 May
ကုလသမဂ္ဂအနေဖြင့် ကျူးဘားနိုင်ငံအပေါ် အမေရိကန်၏ ရန်စမှုမှကာကွယ်ပေးရန် ကျူးဘားနိုင်ငံခြားရေး ဝန်ကြီးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံသို့ တောင်းဆိုလိုက်ကြောင်းသိရသည်။ အမေရိကန်က ကျူးဘားကို ကျူးကျော်ရန်စလာလျှင် သွေးချာင်းစီးသွားနိုင်သည့်အတွက် ကုလသမဂ္ဂ အနေဖြင့် အမေရိကန်၏ရန်မှ ကျူးဘားနိုင်ငံကိုကာကွယ်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ကျူးဘားနိုင်ငံခြားရေး ဝန်ကြီး ဘရူနိုရိုဒရီဂက် က ပြောသည်။ အလားတူ ကျူးဘားနိုင်ငံအပေါ် အမေရိကန်က ဘက်စုံပိတ်ဆို့မှုများ ချမှတ်ထားသည့်အတွက် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများ ကြီးစွာဖြစ်ပေါ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ပြောထားသည်ဟုသိရသည်။
28 May