၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း က ဆွတ်ခူးရရှိ
27 May
တိုက်စစ်မှူး ဟာလန်း ဟာ မန်စီးတီးအသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ ပွဲ ကစားပြီး ၂၇ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး ဟာလန်း အနေနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို တတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဟာလန်း က ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်းနဲ့ နောက်လာမယ့်ရာသီတိုင်းမှာလည်း ယခုလိုဆုတွေ ဆက်လက်ဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး အနာဂတ်မှာ မန်စီးတီးအသင်းနဲ့အတူ ဆုဖလားများစွာကို သိမ်းပိုက်မှာဖြစ်ကြောင်းနဲ့ ကစားသမားဘဝကိုလည်း မန်စီးတီးအသင်း မှာပဲ ကုန်ဆုံးသွားလိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
27 May