ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖလမ်းမြို့သို့ရောက်ရှိ

27 May

ချင်းပြည်နယ်၊ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဒေသခံများအတွက် လူသုံးကုန် ပစ္စည်းများ မေလ ၂၆ ရက်ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဖလမ်းမြို့အား အပြည့်အဝ ပြန်လည် ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက် ရှိရာ ဘိလပ် မြေ၊ သွပ်၊ သွပ်ရိုက်သံတို့အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ များအတွက် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများကို မေလ ၂၅ ရက်တွင် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို တပ်မတော်လေယာဥ် များဖြင့် ကလေးမြို့သို့ပို့ဆောင်ပေးပြီးနောက် ကလေးမြို့မှတစ်ဆင့် ဖလမ်းမြို့သို့ မော်တော်ယာဥ်များဖြင့် ဆက်လက် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဖလမ်းမြို့သို့ရောက်ရှိလာသည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒေသခံများလက်ဝယ်အရောက်ဆက်လက်ဖြန့်ဝေပေးသွား မည်ဖြစ်ကာ ပို့ဆောင်ရန်ကျန်ရှိသည့်မြို့များသို့လည်း ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

27 May

ADVERTISE HERE .