ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆု ၃ ဆု ရရှိ

27 May

နှစ်စဥ် ဇွန်လ ၅ ရက်တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် အစီအစဉ်တစ်ရပ်အနေဖြင့်ထည့်သွင်း၍ ဆုများပေးအပ်ချီးမြှင့်လျက်ရှိရာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆုသတ်မှတ်ချက်များတွင် ဧရာဝတီတိုင်းဒေသကြီးမှ ဆု ၃ ဆု ရရှိခဲ့ကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါး ဆုကို ပုသိမ်မြို့ အမှတ်(၆) အထက်တန်းကျောင်းမှ မောင်သန့်ထူးလွင်( grade 9)က အခြေခံပညာ အထက်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ၂၀၂၆ ခုနှစ် အမျိုးသားအဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ဆု၊ ကျေးရွာဆု၊ စက်ရုံ/ လုပ်ငန်းဆုကို ညောင်တုန်းမြို့ Shwe Wah Nadi Agriculture Co.,ltd ဆန်စပါး ကြိတ်ခွဲသန့်စင် ထုတ်လုပ်ခြင်းလုပ်ငန်းမှ ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ်၊ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု- National Clean and Green School Award – 2026 ဆုကို ရေကြည်မြို့နယ် ရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း (ရောင်ပစ်ကွင်း)မှ ပထမဆု ရှိခဲ့ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ထုတ်ပြန်ကြေငြာချက်များအရ သိရပါတယ်။ (NVS 004)

27 May

ADVERTISE HERE .