စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဩစတြေးလျစီးပွားရေးလုပ်ငန်းများ အခက်အခဲများနှင့် ရင်ဆိုင်နေရ

27 May

ဩစတြေးလျနိုင်ငံ၏စီးပွားရေးလုပ်ငန်းများသည် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့် ကုန်စည် စီးဆင်းမှုနှောင့်နှေးကြန့်ကြာမှုများကြောင့် အခက်အခဲများနှင့်ရင်ဆိုင်နေရပြီး ယင်းအခြေအနေများကြောင့် စီးပွား ရေးလုပ်ငန်း ၇၂ ရာခိုင်နှုန်းအထိ ဆိုးကျိုးသက်ရောက်မှုများရှိနေကြောင်း မေလ ၂၆ ရက်တွင် ဖော်ပြသော တရားဝင်အချက်အလက်များအရ သိရသည်။ စီးပွားရေးဆိုင်ရာအခြေအနေများနှင့်အလားအလာစစ်တမ်း အချက် အလက်များက အဓိကရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ခြင်း ကြောင့် ဩစတြေးလျစီးပွားရေးလုပ်ငန်းများအပေါ် ကျရောက်လာသည့် စီးပွားရေးဆိုင်ရာအကျပ်အတည်းများကို ဖော်ပြနေသည်ဟု ဩစတြေးလျ စာရင်းအင်းဌာန စီးပွားရေးဆိုင်ရာစာရင်းအင်းအကြီးအကဲ တွမ်လေး က ပြော သည်။ စီးပွားရေးလုပ်ငန်း ၃၆ ရာခိုင်နှုန်းခန့်မှာ ပြီးခဲ့သည့် သီတင်းလေးပတ်အတွင်း ဝင်ငွေကျဆင်းမှုများ ရှိ ကြောင်း၊ ထို့ပြင် ၂၇ ရာခိုင်နှုန်းမှာလည်း လာမည့်လအတွင်း ထပ်မံကျဆင်းသွားဖွယ်ရှိကြောင်း ဩစတြေးလျ စာရင်းအင်းဌာနက ပြောသည်။ စီးပွားရေးလုပ်ငန်း ၂၈ ရာခိုင်နှုန်းခန့်သည် အရေးမကြီးသော ခရီးသွားလာမှုနှင့် ဝန်ထမ်းအင်အားကို လျှော့ချခြင်းအပါအဝင် လုပ်ငန်းခွင်အင်အားစုများကို ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြ ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

27 May

ADVERTISE HERE .