အမေရိကန်က အီရန်၏ဒုံးကျည်စခန်းများနှင့် မိုင်းခင်းရေယာဉ်များကိုတိုက်ခိုက်

27 May

အမေရိကန်က အီရန်နိုင်ငံတောင်ပိုင်းရှိဒုံးကျည်စခန်းများနှင့် မိုင်းခင်းရေယာဉ်များကို မေလ ၂၅ ရက်က တိုက်ခိုက်မှုများလုပ်ကြောင်း အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ အီရန် တပ်ဖွဲ့များ ကြောင့် အမေရိကန်တပ်ဖွဲ့များအပေါ် ကျရောက်လာနိုင်သောအန္တရာယ်များကို ကြိုတင်ကာကွယ်သည့်အနေဖြင့် အီရန်နိုင်ငံတောင်ပိုင်း၌ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဌာနချုပ်မှပြောရေးဆိုခွင့်ရှိသူ တင်ဟော့ကင်း က ပြောသည်။ တင်ဟော့ကင်း၏ထုတ်ပြန်ချက်တွင် အမေရိကန်ရဲ့ပစ်မှတ်များသည် အီရန်၏ဒုံးကျည်ပစ်လွှတ်သည့် နေရာများ၊ မိုင်းခင်းရန်အတွက် ကြိုးစားနေသောရေယာဉ်များ ပါဝင်ကြောင်း၊ အမေရိကန်အလယ်ပိုင်းဒေသ စစ်ဌာနချုပ်အနေနဲ့ လက်ရှိအပစ်အခတ်ရပ်စဲရေးကာလအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များကို ကာကွယ်ဖို့အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။ ယခုတိုက်ခိုက်လိုက်သည့် နေရာသည် အီရန်၏အဓိကရေတပ်စခန်းဌာနချုပ်ရှိရာ ဘန်ဒါအာဘတ်ဒေသဖြစ်ပြီး အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ရေယာဉ်နှစ်စင်းကိုဖျက်ဆီးနိုင်ကာ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စခန်းထိမှန်သွားကြောင်း ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။

27 May

ADVERTISE HERE .