“စကော့တလန်ဘဏ်က တွမ်မီနေး ဂိုးသွင်းနေတဲ့ပုံနဲ့ ပေါင် ၂၀ တန် ငွေစက္ကူထုတ်လုပ်”

26 May

စကော့တလန်ဘဏ်က ကွင်းလယ်ကစားသမား တွမ်မီနေး လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းနေတဲ့ပုံ ပါဝင်တဲ့ ပေါင် ၂၀ တန် ငွေစက္ကူကို အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။ စကော့တလန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒိန်းမတ်၊ ဂရိ၊ ဘီလာရုစ်တို့နဲ့ အုပ်စု C မှာ ကျရောက်ခဲ့ပြီး အုပ်စုပထမရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ဒိန်းမတ်အသင်းနဲ့ အဓိကပြိုင်ဆိုင်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးပွဲမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုပထမရခဲ့ပါတယ်။ အုပ်စုအဆုံးအဖြတ်ပွဲစဉ်မှာ စကော့တလန်အသင်းအတွက် အဖွင့်ဂိုးကို တွမ်မီနေး က နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူခဲ့တာကြောင့် အခုလိုဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ စကော့တလန်အသင်းအနေနဲ့ ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဥ်ပြိုင်ခွင့် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ စကော့တလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု C မှာ ဘရာဇီးလ်၊ မော်ရိုကို၊ ဟေတီတို့နဲ့အတူ ကျရောက်နေကြောင်း သိရပါတယ်။ (NVS 008)

26 May

ADVERTISE HERE .