“တံကောက်ကြော ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် စိုးရိမ်စရာအခြေအနေရှိနေတဲ့ မက်ဆီ”
26 May
အင်တာမိုင်ယာမီအသင်းအတွက် မက်ဆီ ဟာ ဖဲလာဒဲဖီးယားယူနီယံအသင်းကို ၆ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ဘယ်ဘက်တံကောက်ကြောမှာ ကြွက်သားဒဏ်ရာရခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စိုးရိမ်စရာအခြေအနေ ရှိနေပါတယ်။ မက်ဆီ က ဖရီးကစ်ကန်ပြီးနောက် ချက်ချင်းလူစားလဲဖို့ တောင်းဆိုခဲ့ပြီး ၇၃ မိနစ်မှာ ဆယ်လ်ဗက်တီနဲ့ လူစားလဲခဲ့ရပါတယ်။ အင်တာမိုင်ယာမီအသင်းက ပြီးခဲ့တဲ့တနင်္လာနေ့မှာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကြွက်သားဒဏ်ဖြစ်မှုသာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကြေညာချက်မှာ မက်ဆီ ပြန်ကစားနိုင်မယ့်ရက်ဟာ ကုသမှုလုပ်ငန်းစဉ်ပေါ်မှာသာ မူတည်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ မက်ဆီ က အင်တာမိုင်ယာမီအတွက် နှစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။ (NVS 008)
26 May