“ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများကို ဆန်၊ ဆီ ထောက်ပံ့”
26 May
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်က ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများကို မေလ ၂၅ ရက်က ပုသိမ်မြို့မှာ ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း ၉၁ ဦးအတွက် ဆန်၊ ဆီများ တတ်နိုင်သမျှထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများကို မိမိတို့ဒေသများမှာ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက် ရှိပါတယ်။ အရာထမ်းများအနေနဲ့ မိမိဝန်ထမ်းများကို အမြဲမပြတ်ထိတွေ့၍ ထိန်းကြောင်းကြတ်မတ်ရန်လိုကြောင်း အခက်အခဲများ ရှိပါက တင်ပြသွားရန်နှင့် လိုအပ်တာများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော် က ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း ၉၁ ဦးအတွက် ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)