“(၆၄) ကြိမ်မြောက် ၂၀၂၆ မြန်မာနိုင်ငံစက်ဘီးတံခွန်စိုက်ပြိုင်ပွဲကို ရန်ကုန်မြို့မှာ ကျင်းပမည်”

26 May

အားကစားရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်(MCF)ကကြီးမှူး၍ ပြိုင်ပွဲအမျိုးအစား ၃ မျိုးပါဝင်သည့် (၆၄)ကြိမ်မြောက် ၂၀၂၆ မြန်မာနိုင်ငံစက်ဘီးတံခွန်စိုက်ပြိုင်ပွဲကို လာမည့် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်ထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲအမျိုးအစား ၃ မျိုးအနက် Road Race ပြိုင်ပွဲအမျိုးအစားကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၌ ဇွန်လ ၂၆ ရက်တွင်လည်းကောင်း၊ MTB XCO ပြိုင်ပွဲအမျိုးအစားကို တိုက်ကြီးမြို့၌ ဇွန်လ ၂၇ ရက်နှင့် Criterium ပြိုင်ပွဲအမျိုးအစားကို သုဝဏ္ဏအားကစားကွင်းရှိ Stadium Track ၌ ဇွန်လ ၂၈ ရက်တို့တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတွင် Road Race နှင့် Criterium ပြိုင်ပွဲတို့မှ ရမှတ်များကို ပေါင်းယူသွားမည်ဖြစ်ကာ MTB XCO ပြိုင်ပွဲအမျိုးအစားကိုတော့ သီးခြားပြိုင်ပွဲအဖြစ် အမှတ်ပေးသွားမှာဖြစ်ပြီး ယင်းပြိုင်ပွဲသို့ နိုင်ငံတစ်ဝန်းရှိ စက်ဘီးစီး ကလပ်အသင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လက်ရွေးစင်စက်ဘီးစီးအသင်းများ ဝင်ရောက်ယှဉ်ပြိုင် နိုင်ကြောင်း သိရပါတယ်။ (NVS 004)

26 May

ADVERTISE HERE .