“ရန်ကုန်-ပီနန် လေကြောင်းခရီးစဉ်သစ်ကို MAI က တစ်ပတ် ၃ ရက် ပျံသန်းပြေးဆွဲမည်”

26 May

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)အနေနဲ့ ပီနန်မြို့သို့ ခရီးထွက်ခွာရန် စီစဉ်နေသူများ အတွက် ခရီးသွားအဆင်ပြေချောမွေ့စေရေး မလေးရှားနိုင်ငံ ပီနန်မြို့သို့ ရန်ကုန်-ပီနန် လေကြောင်းခရီးစဉ်အသစ်ကို အပတ်စဉ် တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့တို့မှာ ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ယင်းခရီးစဥ်အသစ်ကို လာမည့်ဇွန်လအတွင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ထိုခရီးစဉ်မှာ လေယာဉ်ပေါ်ရှိ အစားအသောက်နှင့် Baggage အပိုင်းတို့တွင် ထောက်ပံ့ကြေးများပေးအပ်သွားမည်ဖြစ်ကာ www.mai air.com တွင် ကြိုတင်စာရင်းသွင်းဝယ်ယူခြင်းဖြင့် အကျိုးခံစားခွင့်များရရှိမယ်လို့ သိရပါတယ်။ MAI အနေနဲ့ လက်ရှိမှာ ရန်ကုန်နှင့်မန္တလေးမြို့တို့ကို အခြေပြု၍ ပြည်တွင်းခရီးစဉ် ၁၆ မြို့နှင့် ပြည်ပခရီးစဉ် ၂၂ မြို့သို့ ပျံသန်းပြေးဆွဲလျက်ရှိပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ယူအေအီး၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ရုရှားနှင့် လာအိုနိုင်ငံများ အပါအဝင် နိုင်ငံတကာခရီးစဉ်များကို ဝန်ဆောင်မှု ပေးအပ်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

26 May

ADVERTISE HERE .