“ကသာမြို့ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်”

26 May

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို မေလ ၂၄ ရက်က ကသာမြို့တော်ခန်းမမှာ ပေးအပ် ထောက်ပံ့ခဲ့ပါတယ်။ ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးကို ထောက်ပံ့ငွေကျပ် ၂၀,၀၀၀ နှုန်းနဲ့ ၃ လစာ လူဦးရေ ၃၄၆ ဦး အတွက် ထောက်ပံ့ငွေကျပ် ၂၀,၇၆၀,၀၀၀ ကို ကသာခရိုင်၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုနဲ့ တာဝန်ရှိသူများ က ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကသာမြို့မှာ ယာယီနေရပ်စွန့်ခွာပြည်သူစုစုပေါင်း ၂,၆၇၀ ဦးကျော်ရှိပြီး မေလ ၂၄ ရက်အထိ ၈၀၀ ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူ များအတွက် ငွေထောက်ပံ့ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရပါတယ်။ (NVS 004)

26 May

ADVERTISE HERE .