“ဆာလာနှင့် ရောဘတ်ဆန် တို့ကို ဂုဏ်ပြုနှုတ်ဆက်”

25 May

လီဗာပူးလ်အသင်းက ရာသီပိတ်ပွဲစဉ်အပြီးမှာ အသင်းနဲ့လမ်းခွဲတော့မယ့် တိုက်စစ်ကစားသမား ဆာလာနဲ့ နောက်ခံလူ ရောဘတ်ဆန် တို့ကို ဂုဏ်ပြုနှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ဆာလာနဲ့ ရောဘတ်ဆန်တို့ဟာ ၂၀၁၇ နွေရာသီမှာ လီဗာပူးလ်အသင်းကို အတူရောက်ရှိလာခဲ့ပြီး ပြိုင်တူနှုတ်ဆက်ထွက်ခွာသွားတာလည်း ဖြစ်တယ်။ ၎င်းတို့နှစ်ဦးဟာ လီဗာပူးလ်အသင်းမှာကစားတဲ့ ကိုးနှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်၊ FAဖလား တစ်ကြိမ်၊ လိဂ်ဖလား နှစ်ကြိမ်၊ ကွန်မြူနတီဒိုင်း တစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်နဲ့ စုစုပေါင်း ဖလားကိုးလုံး ဆွတ်ခူးခဲ့ကြပါတယ်။ (NVS 008)

25 May

ADVERTISE HERE .