“ကိုမိုအသင်းကို ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဖာဘရီဂတ်စ်”
25 May
ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ် ဟာ ကိုမိုအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကိုမိုအသင်းဟာ စီးရီးအေနောက်ဆုံးပွဲစဉ်မှာ ခရီမိုနီဆီ အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အဆင့်(၄)နေရာရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်း ဖာဘရီဂတ်စ်က ကိုမိုအသင်းကို ၂၀၂၄ နွေရာသီမှာ စတင်ကိုင်တွယ်ခဲ့ပြီး အချိန်တိုအတွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုရာသီစီးရီးအေမှာ ချန်ပီယံ အင်တာမီလန်နဲ့အတူ နာပိုလီ၊ ရိုးမားနဲ့ ကိုမိုတို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီး အေစီမီလန်နဲ့ ဂျူဗင်တပ်စ်က ယူရိုပါလိဂ်၊ အတ္တလန်တာက ကွန်းဖရန့်လိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ (NVS 008)
25 May