“ကော့ကရိတ်မြို့ရှိ မီးလောင်ပျက်စီး၍ အသစ်ပြန်ဆောက်မည့်နေအိမ်များကို အိမ်ဆောက်ပစ္စည်းများထောက်ပံ့”

25 May

စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ နေအိမ်များမီးလောင်ပျက်စီးခဲ့သဖြင့် ပြန်လည်တည်ငြိမ်လာချိန်မှာ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်နဲ့ ရက် ၁၀၀ စီမံကိန်းချမှတ်ကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့မှ မီးလောင်ပျက်စီး နေအိမ်များအနက် အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့မှ နေအိမ်များကို မြေပြင်ဖျက်သိမ်းရှင်းလင်းမှုများ ဦးစားပေးအစီအစဥ်အဖြစ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် အမှတ်(၇)ရပ်ကွက်မှ မီးလောင်ပျက်စီးနေ အိမ်များကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဖျက်သိမ်းရှင်းလင်းမှုများပြုလုပ်ခဲ့ရာနေအိမ်အသစ်ပြန်ဆောက်ရမည့် နေအိမ် ၄၉ လုံး၊ ပြန်လည်ပြင်ဆင်နေထိုင်မည့် နေအိမ် ၃၅ လုံး စုစုပေါင်းနေအိမ် ၈၄ လုံးအတွက် တစ်အိမ်လျှင် သွပ် ၄၀ ချပ်၊ ဘိလပ်မြေ ၂၀ အိတ်တို့ကို မေလ ၂၅ ရက်မှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ကျန်ရှိနေတဲ့ မီးလောင်ပျက်စီးနေအိမ် များအတွက် ပြည်နယ်အစိုးရအဖွဲ့က သွပ်နှင့် ဘိလပ်မြေများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကာ လုံလောက်မှုမရှိပါက အစိုးရစျေးနှုန်းနဲ့ ဝယ်ယူနိုင်ရန်ကူညီပေးသွားမယ်လို့ သိရပါတယ်။ (NVS 004)

25 May

ADVERTISE HERE .