“မန္တလေးမြို့မှာ ထရန်စဖော်မာအသစ်များ တိုးချဲ့တည်ဆောက်နေ”
25 May
မန္တလေးမြို့၌နေထိုင်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအဆင်ပြေစေရေးအတွက် ထရန်စဖော်မာအသစ်များ ကို တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေ သိရပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ရပ်ကွက်၊ ၁၁၅ လမ်းနှင့် ၇၄(အေ) လမ်းထောင့်၌ ၁၁/၀.၄ ကေဗွီ၊ ၃၁၅ kVA ထရန်စဖော်မာ(၁)လုံး၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၈ လမ်းနှင့် ၁၁၉ လမ်းဒေါင့်ရှိ ၁၁/၀.၄ ကေဗွီ၊ ၃၁၅ kVA ထရန်စဖော်မာ(၁)လုံး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊၂၆ လမ်း နှင့် ၅၉ လမ်းထောင့်ရှိ ၁၁/၀.၄ ကေဗွီ၊ ၃၁၅ kVA ထရန်စဖော်မာ(၁)လုံးတို့ကို တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းရပ်ကွက်၊ ရန်ကင်းတောင်မြောင်းဘောင်ရှိ ၁၁/၀.၄ ကေဗွီ၊ ၂၀၀ kVA ထရန်စဖော်မာ(၁)လုံး၊ စည်သာယာရပ်၊ ၁၁/၀.၄ ကေဗွီ၊ ၂၀၀ kVA ထရန်စဖော်မာ ၁ လုံးတို့ကို တိုးချဲ့တည်ဆောက် လျက်ရှိကာ ထရန်စဖော်မာများကို ဆက်လက်တိုးချဲ့တည်ဆောက်မည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုထရန်စဖော်မာများ တိုးချဲ့တပ်ဆင်တည်ဆောက်မှုကြောင့် ပြည်သူများလျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ခြင်း၊ ဓာတ်အားဖြန့်ဖြူးမှုပိုမိုတည်ငြိမ်ကောင်းမွန်လာခြင်း၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းလာခြင်း၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေခြင်း အကျိုးကျေးဇူးများရရှိနိုင်ကာ ဌာနအတွက် ထရန်စဖော်မာလောင်ကျွမ်းမှု လျော့နည်းလာခြင်း၊ Unit Losses လျော့နည်းလာခြင်း အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ယခင်တည်ဆောက်ဓာတ်အားဖြန့်ဖြူးပေးထားတဲ့ ထရန်စဖော်မာအချို့က ဝန်အားပြည့်ခြင်း၊ ဝန်အား ကျော်လွန်ခြင်းများရှိလာသဖြင့် ၎င်းထရန်စဖော်မာများကို ဝန်အားလျှော့ချနိုင်ရန် ထရန်စဖော်မာအသစ်များကို တိုးချဲ့တည်ဆောက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)