“တာချီလိတ်နယ်စပ်မှာ တရားမဝင်တင်သွင်း/တင်ပို့မှုများမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြား”

25 May

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးက မေလ ၂၃ ရက်တွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၂)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရန်၊ လိုင်စင်မှာ ဖော်ပြထားတဲ့ အမျိုးအစားနှင့် တန်ချိန်များကိုက်ညီစေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် OSS အဖွဲ့ဝင်များကို တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်း များ အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့် လမ်းညွှန်ချက်များအတိုင်း အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအနေနဲ့ အဂတိ ကင်းရှင်းစွာ တာဝန်ထမ်းဆောင်ကြရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

25 May

ADVERTISE HERE .